ပုဒ်မ ၁၈ ပြင်ဆင်ရေး ဥပဒေကြမ်းဆွေးနွေးဖို့ လွှတ်တော်အတည်ပြု

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။  မူလဥပဒေမှာ ဆန္ဒပြဖို့အတွက် ခွင့်ပြုမိန့်တောင်းခံရမယ်လို့ဆိုထားပြီး အခုမူကြမ်းမှာ အသိပေးအကြောင်းကြားဖို့သာ ရှိတော့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုမူကြမ်းမှာ ပြစ်ဒဏ်သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ဒီနေ့ ပြည်သူလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပုဒ်မ ၁၈ ပြင်ဆင်ရေး ဥပဒေကြမ်းဆွေးနွေးဖို့ လွှတ်တော်အတည်ပြု ပုဒ်မ ၁၈ ပြင်ဆင်ရေး ဥပဒေကြမ်းဆွေးနွေးဖို့ လွှတ်တော်အတည်ပြု Reviewed by သစ်ထူးလွင် on 22:31 Rating: 5
Powered by Blogger.