ဓာတ်ပုံတစ်ခုဟူသည် သမိုင်းဖြစ်သည်။ အထူးသဖြင့် ထိုသမိုင်းသည် သံမဏိအမျိုးသမီးဟု ကမ္ဘာကအမည် နာမတပ် ရသည်အထိ လေးစားကြသော မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဘဝကို ပေးဆပ်မြှုပ်နှံထားခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့တန်းရောက်ခွင့်မရသော မိသားစုသမိုင်း။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်၊ စနေနေ့က မိဘနှစ်ပါးစုံညီစွာ ဖြင့် သားနှစ်ဦးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပခွင့်ရခဲ့သည့် မှတ်တမ်းဓာတ်ပုံ။ အသံမဲ့ စကားလုံးများက ခံစားတတ်သူတိုင်း၏ နှလုံးသားကို ခပ်ပြင်းပြင်းခေါက်လိုက်သလိုပင်ဖြစ်သည်။ ထိုပုံကို အင်တာနက်ဖေ့စ်ဘွတ်တွင် တင်ခဲ့သူက မစီစီရိုဇာ။ သူက ထိုပုံကို ကျော်ကြားမှုနှင့် အကျိုးမျှော်လင့်ချက် တစ်စုံ တစ်ရာအတွက် တင်ခဲ့ခြင်း မဟုတ်။ ထိုပုံ တင်ဖြစ် ခဲ့ခြင်း တွင် အဓိပ္ပာယ်များစွာ ရှိပြီး ထိုဓာတ်ပုံတွင်လည်း ပြန် လည်တူးဆွစရာသမိုင်းနှင့် ခံစားချက်များစွာရှိပါသည်။---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သန်း ၆ဝ ရှေ့က လူတစ်ယောက်၏ ကန့်လန့်ကာနောက်ကွယ်မှ နှလုံးသားဒဏ်ရာ
Reviewed by သစ်ထူးလွင်
on
11:35
Rating: