အီးယူ-မြန်မာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အီးယူ ခေါ် ဥရောပသမဂ္ဂက ကူည်ီသွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ EU-Myanmar Task Force ဆွေးနွေးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ မနက်ဖြန် ရန်ကုန်မြို့ UMFCCI မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်မှာ ကျင်းပမယ့်ဆွေးနွေးပွဲကိုတော့ အီးယူဥရောပသမဂ္ဂအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mrs. Catherine Ashton၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အီးယူ-မြန်မာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် အီးယူ-မြန်မာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် Reviewed by သစ်ထူးလွင် on 22:36 Rating: 5
Powered by Blogger.