ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ

ဖိလစ်ပိုင်နိုင်ငံမှာ သောကြာနေ့တုန်းက အလွန်အင်အားပြင်းထန်တဲ့လေမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Tacloban မြို့တမြို့တည်းမှာတင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး Samar ခရိုင်အတွင်းမှာလည်း သေဆုံးသူ ၂၀၀ ထက် မနည်းရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ပြောဆိုလိုက်ပါတယ်။ Tacloban မြို့နဲ့ Samar ခရိုင်တွေမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေရဲ့ ကနဦး သတင်းပေးပို့ချက်တွေကို အခြေခံပြီး အခုလို သေဆုံးအရေအတွက်ကို ထုတ်ပြန်ရတာဖြစ်ကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး Gwendolyn Peng က ပြောဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ Reviewed by သစ်ထူးလွင် on 23:58 Rating: 5
Powered by Blogger.