အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်မှာ ဆန္ဒပြ

နိုဝင်ဘာ ၁၂ ရက်နေ့ မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားရှေ့မှာ သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူပုဂ္ဂိုလ်တွေက အိုအိုင်စီ ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ နေရာ ၂ နေရာ ခွဲပြီး ဆန္ဒပြ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) လာရောက်လေ့လာမှာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့မနက် ၂ နာရီက သံဃာတော်များနဲ့ ပြည်သူ ၅ဝဝ ကျော်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးကနေ ဆူးလေဘုရားအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
photo: RFA/ Kyaw Zaw Win

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်မှာ ဆန္ဒပြ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်မှာ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 17:55 Rating: 5
Powered by Blogger.