အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ထပ်ဖြစ်

တနိုင်ငံလုံး အပစ်ရပ်ရေး အတွက် တွေ့ဆုံဆွေးနွေးတဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ ပြီးစီးလို့ သီတင်းနှစ်ပတ် ပင် မပြည့်မီ၊ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် တွေ အကြား နိုဝင်္ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့ မနက် က စလို့ ညနေပိုင်း အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ်၊ မန်စီ မြို့နယ် အတွင်းရှိ နမ့်လင်းပါရွာ အတွင်း ကို ၇ မိုင်အကွာ ရှိ မုန်းဒိန်းပါ ဘက်မှ အစိုးရ စစ်ကြောင်း ဝင်ရောက်လာခဲ့တာပါ။ ရွာထဲမှာ စစ်ပြေး ဒုက္ခသည်တွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့ ကျေးရွာ လူထု ရာနဲ့ချီ ရှိခဲ့တဲ့ အတွက် တိုက်ပွဲ က တိမ်းရှောင်ရအောင်၊ တောင်ကျော် ၊ တောဖြတ် ပြေးကြရပုံ ကို ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၂ မှ၊ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင် က ဘီဘီစီ ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကေအိုင်အေနဲ့ အစိုးရတပ်တိုက်ပွဲ
အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ထပ်ဖြစ် အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ထပ်ဖြစ် Reviewed by သစ်ထူးလွင် on 09:52 Rating: 5
Powered by Blogger.