ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေယာများ ရောင်းမှား၊ ၀ယ်မှားမဖြစ်ရန် သတိပြုသင်

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများရှိ ဇုန်သုံးဇုန်အနက် ကာကွယ်ထိန်းသိမ်းရေးဇုန်တစ်ခုကိုသာ စိစစ်ပြီး အထိုက်အလျောက်ခွင့်ပြုပေးနေသဖြင့် ရောင်းမှား၊ ၀ယ်မှား မဖြစ်စေရန် သတိပြုသင့်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ကမ္ဘာလှည့်ခရီးသည်များ လာရောက်သည့် ပုဂံ၊ အင်းဝ၊ မြောက်ဦး၊ သရေခေတ္တရာ၊ မင်းကွန်း စသည့် ယဉ်ကျေးမှုအမွေအနှစ်ဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ငန်းရှင်များက မြေယာများ လိုက်လံဝယ်ယူမှုများရှိနေကာ မြေယာဈေးနှုန်း အလွန်မြင့်တက်ခြင်းနှင့် ငွေထုပ်ပိုက် ၀ယ်ယူသူများရှိကြောင်း ကြားသိရသဖြင့် ယခုကဲ့သို့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအ၀င်ဝမုခ်ဦး ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) - 7day Daily
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေယာများ ရောင်းမှား၊ ၀ယ်မှားမဖြစ်ရန် သတိပြုသင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေယာများ ရောင်းမှား၊ ၀ယ်မှားမဖြစ်ရန် သတိပြုသင် Reviewed by သစ်ထူးလွင် on 13:45 Rating: 5
Powered by Blogger.