မုန်တိုင်းသင့် ဖိလစ်ပိုင်ရပ်ဝေးထိ အကူအညီရောက်ရှိ

လူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အင်အားပြင်း ဟိုင်ယန် (Haiyan) တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်ပြီး ၈ ရက်လောက် ကြာလာတဲ့အထိ တချို့ ဒေသတွေဟာ အကူအညီတွေမရသေးဘဲ ဖြစ်နေချိန် - ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ တချို့ ဒေသတွေဆီကိုတော့ အကူအညီတွေ စတင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။ နိုင်ငံအလယ်ပိုင်းက ဖိလစ်ပိုင်ဒုက္ခသည် တော်တော်များများဆီကိုတော့ အစားအစာနဲ့ ရေတွေ စတင်ရရှိနေချိန်မှာ နေစရာမရှိ၊ သောက်ရေ၊ အစားအစာနဲ့ လျှပ်စစ်မီးမရှိ ဖြစ်နေတဲ့ ခန့်မှန်းခြေ သန်းနဲ့ချီတဲ့ ဖိလစ်ပိုင် ဒုက္ခသည်တွေဟာ အကူအညီတွေ နည်းနည်းပဲ ရရှိသေးသလို တချို့ဆိုရင်လည်း အခုထိ လုံးဝကို မရကြသေးပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမေရိကန်စစ်သင်္ဘောပေါ်က A MH-60s ရဟတ်ယာဉ်တစင်း ဖိလစ်ပိုင်အစိုးရရဲ့ Damayan မုန်တိုင်းသင့်ပြည်သူတွေ ကယ်ဆယ်ရေး အစီအစဉ်မှာ ပါဝင်ကူညီပြီး ဝေးလံခေါင်ဖျားဒေသက မုန်တိုင်းသင့်ပြည်သူတွေအတွက် ရေသန့်ပို့ဆောင်စဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
မုန်တိုင်းသင့် ဖိလစ်ပိုင်ရပ်ဝေးထိ အကူအညီရောက်ရှိ မုန်တိုင်းသင့် ဖိလစ်ပိုင်ရပ်ဝေးထိ အကူအညီရောက်ရှိ Reviewed by သစ်ထူးလွင် on 06:20 Rating: 5
Powered by Blogger.