ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ အင်္ဂါနေ့မှာ ပြည်ထဲရေးဝန်ကြီးရုံးကို ဝိုင်းထားပြီး တညလုံး ဆက်ပြီး ဆန္ဒပြမယ်လို့ ကြွေးကြော်နေကြပါတယ်။ ဘန်ကောက်က ဘဏ္ဍာရေးဝန်ကြီးရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးတွေရဲ့ တချို့နေရာတွေကို ဆန္ဒပြသူတွေက တနင်္လာနေ့ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး တခြားအစိုးရ အဆောက်အဦး အတော်များများရဲ့ အပြင်ဘက်တွေမှာလည်း စခန်းချထားကြပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက် ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက် Reviewed by သစ်ထူးလွင် on 22:24 Rating: 5
Powered by Blogger.