သိမ်းဆည်းမြေ ပြန်ရရေး ထားဝယ်လယ်သမားများ ဆန္ဒပြ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ မတရားသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဒေသခံလယ်သမားတွေ ဒီနေ့မနက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြ လယ်သမားတွေဟာ တပ်သိမ်းလယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မှတ်ပုံတင်ခွင့် ရရှိရေး၊ သိမ်းဆည်းမြေတွေပေါ် အဆောက်အအုံ ဆောက်လုပ်နေမှုတွေ ချက်ချင်း ရပ်ပေးရေး၊ တပ်သိမ်းမြေ ပြန်လည်ရရှိရေး စတဲ့အချက်တွေကို ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့ပါတယ်။

လယ်သမား ၁၀၀ ပါဝင်တဲ့ ဒီဆန္ဒပြပွဲကို ဒီနေ့မနက်ပိုင်း ကမြောကင်းလမ်းဆုံကနေ မြို့တပတ် လမ်းလျှောက် ဆန္ဒဖော်ထုတ်တာဖြစ်ပြီး မြို့လူထုတွေကလည်း ထောင်ချီပြီး လိုက်ပါကြည့်ရှုခဲ့ပါတယ်။

by ဒီဗွီဘီ
သိမ်းဆည်းမြေ ပြန်ရရေး ထားဝယ်လယ်သမားများ ဆန္ဒပြ သိမ်းဆည်းမြေ ပြန်ရရေး ထားဝယ်လယ်သမားများ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 11:08 Rating: 5
Powered by Blogger.