ထောင်မှ လွတ်လာတဲ့ ရှမ်းလူငယ်တွေ ရှင်းချက်

နိုဝင်္ဘာလ ၁၅ ရက်နေ့က နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတဲ့ အထဲမှာ ၂ဝ၁၁ ခုနှစ် ဇွန်လ က မန္တလေး ဈေးချို၊ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့တွေ မှာ ဖြစ်ပွားခဲ့တဲ့ ဖေါက်ခွဲမှု တွေ နဲ့ ဆက်စပ်ပြီး ထောင်ချခံရတဲ့ ရှမ်းတိုင်းရင်းသား ငါးယောက် လည်း အိုးဘိုထောင် က လွတ်လာခဲ့ပါတယ်။ အဆိုပါ ရှမ်းတိုင်းရင်းသား ငါးယောက်ဟာ ဒီဖေါက်ခွဲမှု မှာ သူတို့ ပတ်သက်ခြင်း မရှိဘဲ တဖက်သတ် စွပ်စွဲ ထောင်ချ ခံရပုံ ကို မီဒီယာ နဲ့ တွေ့ဆုံပြီး ရှင်းလင်းခဲ့ပါတယ်။ အစိုးရ အနေနဲ့လည်း သူတို့မှာ အပြစ် မရှိတဲ့ အကြောင်း ကို ပြန်လည်ရှင်း ပြဖို့၊ စွပ်စွဲခံရတဲ့ အဖွဲ့ခေါင်းဆောင် ရတနာပုံ တက္ကသိုလ် ဒုတိယနှစ် ဘူမိဗေဒ ကျောင်းသား စိုင်းမိုးဟိန်း က ဘီဘီစီ ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အကျဉ်းသားများ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာ
ထောင်မှ လွတ်လာတဲ့ ရှမ်းလူငယ်တွေ ရှင်းချက် ထောင်မှ လွတ်လာတဲ့ ရှမ်းလူငယ်တွေ ရှင်းချက် Reviewed by သစ်ထူးလွင် on 08:28 Rating: 5
Powered by Blogger.