မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းတွင် မော်တော်မီးလောင် ရှစ်ဦးဒဏ်ရာရ

မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းတွင် မန္တလေးမှ ထီးချိုင့်သို့ ထွက်ခွာမည့် စန္ဒာမင်းမော်တော်တွင် ဆီပေပါတင်ဆောင်ရာမှ နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် မတော်တဆမီးလောင်ကျွမ်းမှုဖြစ်ပွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ) ယင်းသို့ မီးလောင်ခဲ့ခြင်းကြောင့် သင်္ဘောပိုင်ရှင် အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ပြောသည်၊
မန္တလေးမြို့တွင် ဂေါ်ဝိန်ဆိပ်ကမ်း(မရမ်းခြံဆိပ်)၌ မန္တလေးမှ ထီးချိုင့်သို့ထွက်မည့် စန္ဒာမင်းမော်တော်တွင် ဆီပေပါတင်ဆောင်ရာမှ မတော်တဆမီးလောင်ကျွမ်းမှု နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် ဖြစ်ပွားခဲ့ရာ မော်တော်ပိုင်ရှင်အပါအဝင် ရှစ်ဦး မီးလောင်ဒဏ်ရာများရရှိသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု အဆိုပါဆေးရုံကြီးမှ သိရသည်။

ဒဏ်ရာရရှိသူများသည် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်၊ ကိုကုလား(ခ)ကျော်သူစိုး၊ စက်ကိုင် ကိုကျော်မောင်၊ ကိုမျိုး၊ ကိုချမ်းငြိမ်း၊ ကိုဂျစ်တူး၊ ကိုတင်ယုနှင့် ကိုဝဲကျော်တို့ဖြစ်ပြီး ကိုချမ်းငြိမ်းနှင့် ကိုတင်ယု မှာစိုးရိမ်ရသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ဆိုသည်၊

အဆိုပါ မီးလောင်မှုကို မွန်းလွဲ၂နာရီခွဲတွင်ငြှိမ်းသတ်နိုင်သည်။ အသေးစိတ်အချက်လက်ကိုမူ မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

Written by  အောင်ကိုဦး
Mizzima - News in Burmese
မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းတွင် မော်တော်မီးလောင် ရှစ်ဦးဒဏ်ရာရ မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းတွင် မော်တော်မီးလောင် ရှစ်ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 15:44 Rating: 5
Powered by Blogger.