ကျောင်းများတွင် ငွေကောက်ခံခြင်း မပြုရ ပေါ်လစီ သည် ကျောင်းသား မိဘ နှင့် ဆရာများ ကို ရန်တိုက်သလိုဖြစ်နေဟု ကျောင်းအုပ်တချို့ ဝေဖန်

ပညာရေး ဝန်ကြီးဌာနမှ ဆရာ ၊ ဆရာမ များ ငွေကောက်ခံခြင်း မပြုရဆိုသည့် ပေါ်လစီချမှတ် ထားခြင်းသည် မှားယွင်းနေပြီး ကျောင်းသားမိဘ နှင့် ဆရာများကို ရန်တိုက်ပေးထား သလိုဖြစ်နေကြောင်း အခြေခံ ပညာ မူလတန်းကျောင်း အုပ်တ ချို့ က ဝေဖန်ပြောဆိုလိုက်သည်။ ''ဆရာမကြီးတို့တွေကို ချ မှတ်ပေးထားတဲ့ ငွေကြေးက မလုံ လောက်ဘူး။ ပြီးတော့ ကျောင်း တွေကို တစ်ပြေးညီ ငွေကြေးချ မှတ်တာကလဲ မှားနေ တယ်။ အ မှန်က ကျောင်းတစ်ကျောင်းရဲ့တစ် နှစ်စာ ကုန်ကျစရိတ်ကို တွက်ပြီး တော့မှ ချပေးရမယ်လို့မြင်တယ်။ အခုဟာက ကျောင်းသား ၁ဝဝရှိ တဲ့ ကျောင်းဆိုလဲ သုံးသိန်း၊ တစ် ထောင်ရှိတဲ့ကျောင်းဆိုလဲ သုံး သိန်း ဆိုတော့ ဘယ်ကျောင်းက ပိုကုန်မလဲ။ ချမှတ်လိုက်တဲ့ မူ ကြောင့် ကျောင်း သား မိဘတွေ ကလဲ အဲ့ဒါနဲ့ကိုင်ပြီး တိုင်ကြတော့ မလိုလားတဲ့ပြဿနာတွေ က ဖြစ် နေရတယ်''ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းကျောင်းအုပ် တစ်ဦးက ပြောသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကျောင်းများတွင် ငွေကောက်ခံခြင်း မပြုရ ပေါ်လစီ သည် ကျောင်းသား မိဘ နှင့် ဆရာများ ကို ရန်တိုက်သလိုဖြစ်နေဟု ကျောင်းအုပ်တချို့ ဝေဖန် ကျောင်းများတွင် ငွေကောက်ခံခြင်း မပြုရ ပေါ်လစီ သည် ကျောင်းသား မိဘ နှင့် ဆရာများ ကို ရန်တိုက်သလိုဖြစ်နေဟု ကျောင်းအုပ်တချို့ ဝေဖန် Reviewed by သစ်ထူးလွင် on 15:06 Rating: 5
Powered by Blogger.