တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကစက်သုံးဆီများ၏ အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိကို ရွေ့လျားဓာတ်ခွဲခန်းများဖြင့် စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်ပမှ တင်သွင်းလာသော စက်သုံးဆီများကို သန်လျင်ရေနံချက်စက်ရုံရှိ သုတေသနဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးမှသာ ရောင်းချခွင့်ရှိသော်လည်းစစ်ဆေးပြီး စက်သုံးဆီဆိုင်များသည် ဈေးကွက်သို့ အမှန်တကယ်အရည်အသွေးပြည့်မီသည့် စက်သုံးဆီများ ရောင်းချခြင်း ရှိ၊ မရှိကို တစ်လလျှင် တစ်ကြိမ်ထက်မနည်း ရှောင်တခင်စစ်ဆေးမှုများကို ဒီဇင်ဘာမှစတင်၍ စွမ်းအင်ဝန်ကြီးဌာနက ပြုလုပ်သွားမည်ဖြစ်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်တွင် အငှားယာဉ်တစ်စီး ဆီဖြည့်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ) |
စက်သုံးဆီများ အရည်အသွေးပြည့်၊ မပြည့် ရွေ့လျားဓာတ်ခွဲခန်းဖြင့် စစ်ဆေးမည်ဟုဆို
Reviewed by သစ်ထူးလွင်
on
16:50
Rating: