တနင်္သာရီမြို့ နယ် မီးကြွင်းမီးကျန်မှ ဝေနေယျမေတ္တာဘုန်းကြီးကျောင်း မီးလောင်း

(၁၅.၁၁.၁၃)ရက်နေ့(၁၇၃၀)အချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာမှ ဝေနေယျမေတ္တာ ဘုန်းကြီး ကျောင်း ဆရာတော် ဦးသြရာသ သည် မရင်းကြီးကျေးရွာကထိန်ပွဲသွားနေစဉ် ရွာသား ဦးအောင်ဇော်ဦးအား ကျောင်းစောင့်ထားခဲ့ရာ ဦးအောင်ဇော်ဦးမှ ရေနွေးအိုးတည်ပြီး ကျောင်းအောက် ဆင်းသွားစဉ် မီးကြွင်းမီးကျန်မှ အလျား ၂၄ ပေ၊အနံ ၁၂ ပေရှိထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးကျောင်းဆောင်မှာ မီးလောင်ကျွမ်းသွား  ခဲ့ပါသည်၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများ ငြိမ်းသတ်မှုကြောင့် ၁၈၀၀ အချိန်မီးငြိမ်း သွားခဲ့ပြီး မီးပေါ့ဆသူ ဦးအောင်ဇော်ဦးအား တနင်္သာရီမြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထား ရှိပါသည်။

Moe Htet

by Thit Htoo Lwin

တနင်္သာရီမြို့ နယ် မီးကြွင်းမီးကျန်မှ ဝေနေယျမေတ္တာဘုန်းကြီးကျောင်း မီးလောင်း တနင်္သာရီမြို့ နယ် မီးကြွင်းမီးကျန်မှ ဝေနေယျမေတ္တာဘုန်းကြီးကျောင်း မီးလောင်း Reviewed by သစ်ထူးလွင် on 22:34 Rating: 5
Powered by Blogger.