လဗြိစ္ဆာ တန်ဆောင်ပွဲနှင့် ဖက်တွဲလို့ ရွှေကထိန် လှူချိန်မို့လေး

တန်ဆောင်မုန်းလသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ရှစ်လမြောက် ဖြစ်သည်။

တန်ဆောင်မုန်းလ၌ ရက်ပေါင်း ၃ဝ ရှိပြီး နာရီအားဖြင့် နေ့ ၂၈ နာရီ၊ ညဥ့် ၃၂ နာရီရှိ၍ နေ့တာတိုကာ ညတာရှည်သည်။ ရာသီအလိုအားဖြင့် ''ဗြိစ္ဆာ''ခေါ်ဆို၍ ရာသီရုပ်မှာ ကင်းမလက်မည်း ပုံဖြစ်သည်။ ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်ပြည့်သည်။ ကျီးတာရာ ထွန်းပြီး ရက်မြတ်ရာဇာမှာ တနင်္ဂနွေ၊ ဗုဒ္ဓဟူးဖြစ်သည်။ ရှောင်ရန်မှာ ပြဿဒါးသည် အင်္ဂါ၊ ရာဟုဖြစ်သည်။ တန်ဆောင်မုန်းလတွင် ပထမ လဝက်သည် မိုးရာသီ၌ ပါဝင်ပြီး ဒုတိယလဝက်သည် ဆောင်းရာသီတွင် ပါဝင်သဖြင့် မိုးအကုန် ဆောင်းအကူး ငွေနှင်းဖွဲ၍ ခဝဲပန်းသည် ရာသီပန်းဖြစ်သည်။ ကောင်းကင်ယံထက်တွင် ကြတ္တိကာ နက္ခတ်ခေါ် ဖျောက်ဆိပ်ကြယ်စုတို့ကို လုံးရေခြောက်လုံး၊ ခုနစ်လုံးအပြင် သင် တုန်းဓားသွား သဏ္ဌာန်မြင်ရသည်။ ရှေးမြန်မာဘုရင်တို့ လက်ထက် ကာလဖြစ်သော အမရပူရခေတ်တွင် နန်းသုံး မှန်ပြောင်းဖြင့် ဖျောက်ဆိပ်ကြယ်စုကို ပညာရှိတို့က လေ့လာသောအခါ ကြယ်ကြီး ၁၁ လုံး အပါအဝင် ကြယ်ပေါင်း လေးဆယ်ကျော် ရှိကြောင်း တွေ့ခဲ့ကြသည်။---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လဗြိစ္ဆာ တန်ဆောင်ပွဲနှင့် ဖက်တွဲလို့ ရွှေကထိန် လှူချိန်မို့လေး လဗြိစ္ဆာ တန်ဆောင်ပွဲနှင့် ဖက်တွဲလို့ ရွှေကထိန် လှူချိန်မို့လေး Reviewed by သစ်ထူးလွင် on 22:10 Rating: 5
Powered by Blogger.