ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်လွှင့်ဖော်ပြမှုအပေါ် သာသနာရေး ပြည်ထောင်စုဝန်ကြီး ဝေဖန်

နိုင်ငံပိုင် ရုပ်မြင်သံကြား နှင့် သတင်းစာများ သတင်းဖော်ပြရာတွင် မြန်မာနိုင်ငံရှိ တန်ခိုးအကြီးဆုံးသော ရွှေတိဂုံစေတီတော်၏သတင်းကို ဦးစွာမဖော်ပြဘဲ လူကြီးများ၏မျက်နှာကိုလိုက်၍ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သတင်းကို ဦးစွာထုတ်လွှင့်နေသည်မှာ မူဝါဒမရှိဘဲ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဝေဖန်ပြောကြားလိုက်သည်။ ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပင် ထေရ၀ါဒ ဗုဒ္ဓဘာသာသမိုင်းကြောင်း မှတ်တိုင်ဖြစ်သည့်အတွက် နောက်မှပေါက်သည့် ရွှေကြာပင်သဘောမျိုး ဖြစ်နေသည်ဟု ဆိုကာ ၀ါစဉ်/သမားစဉ်တို့ကို အလေးထားသင့်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများ၏ သတင်းထုတ်လွှင့်မှု အစီအစဉ်ကို ဝေဖန်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်လွှင့်ဖော်ပြမှုအပေါ် သာသနာရေး ပြည်ထောင်စုဝန်ကြီး ဝေဖန် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်လွှင့်ဖော်ပြမှုအပေါ် သာသနာရေး ပြည်ထောင်စုဝန်ကြီး ဝေဖန် Reviewed by သစ်ထူးလွင် on 17:21 Rating: 5
Powered by Blogger.