နိုက်ဂျီးရီးယားတွင် မင်္ဂလာဆောင်ယာဉ်တန်း တိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံး


နိုက်ဂျီးရီးယား နိုင်ငံတွင် မင်္ဂလာဆောင် ယာဉ်တန်းတစ်ခုကို သေနတ်သမားများက စီးနင်းပစ်ခတ်သဖြင့် လူ(၃၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘော်နိုပြည်နယ်ရှိ ဘာမာနှင့် ဘန်ကီကြား ဆက်သွယ်သော လမ်းပေါ်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြည်နယ်မြို့တော် မိုင်ဒူဂူရီ အရှေ့ဘက်ရှိ အဆိုပါ ဒေသသည် ယခင်ကတည်းက အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နာမည်ဆိုး ထွက်ခဲ့ပြီးဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အစ္စလာမ်မစ် စစ်သွေးကြွ အစွန်းရောက် တပ်ဖွဲ့ဖြစ်သည့် ဘိုကိုဟာရမ်တို့၏ လက်ချက်ပင် ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘော်နိုပြည်နယ်ရှိ ဘာမာနှင့် ဘန်ကီကြား ဆက်သွယ်သော လမ်းပေါ်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နိုက်ဂျီးရီးယားတွင် မင်္ဂလာဆောင်ယာဉ်တန်း တိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံး နိုက်ဂျီးရီးယားတွင် မင်္ဂလာဆောင်ယာဉ်တန်း တိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံး Reviewed by သစ်ထူးလွင် on 18:52 Rating: 5
Powered by Blogger.