ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သံသယရှိသူ ၁၀၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီအထဲက ၉ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၉၃ ဦးကို အမှု ၁၉ မှုနဲ့ တရားစွဲတင်ခဲ့ကြောင်း ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။ တရားစွဲဆိုခံထားရတဲ့သူတွေဟာ သံတွဲမြို့နယ်ကဖြစ်ပြီး အများစုဟာ မီးရှို့မှု၊ လူသတ်မှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ကြောင်း သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်ဇော်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးတရားစွဲခံထားရသူ ၉၀ ကျော်ရှိ
Reviewed by သစ်ထူးလွင်
on
22:00
Rating: