ရေစားကမ်းပြိုလို့ရွာလုံးကျွတ်ပြီး နေရေးစားရေးဒုက္ခရောက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် မြောကြီးကျေးရွာ၌ ဧရာဝတီမြစ် ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျ မှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ နေထိုင်ရပြီး နေစရာအခက်အခဲ များနှင့်လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်စားသောက်ရန်နေရာ အခက်အခဲများဖြစ်နေကြောင်း ယင်းကျေးရွာဒေသခံ ဦးကြည်ဝင်း ကပြောကြားခဲ့သည်။ အဆိုပါရေတိုက်စားမှုမှာ ၁၉၈၀ ခန့်တွင် တစ်ကြိမ်၊ ၁၉၉၄ တွင်တစ်ကြိမ်၊ ၂၀၁၂တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၃ ခုနှစ်ရေတိုက် စားရာတွင် ရွာလုံးကျွတ်ပျောက် ဆုံးသွားခဲ့ကြောင်း၊ မြစ်ရေတိုက် စားမှုကြောင့် ရွာသူရွာသားများ လုပ်ကိုင်စားသောက်စရာမြေမရှိ သဖြင့် နီးစပ်ရာကျေးရွာများတွင် နေ့စားငွေကြေး အနည်းငယ်ဖြင့် ကူလီလုပ်စားနေရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရေစားကမ်းပြိုလို့ရွာလုံးကျွတ်ပြီး နေရေးစားရေးဒုက္ခရောက် ရေစားကမ်းပြိုလို့ရွာလုံးကျွတ်ပြီး နေရေးစားရေးဒုက္ခရောက် Reviewed by သစ်ထူးလွင် on 13:02 Rating: 5
Powered by Blogger.