မအူပင်မြို့နယ်၊ မလက်တို ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ပဋိ ပက္ခနှင့်ပတ်သက်၍အော့ချတ်(ဒ်) ကုမ္ပဏီလီမိတက်ပိုင်ရှင် ဒေါက် တာမြင့်စိန်ကိုယ်တိုင်ရှင်းလင်းပွဲ နှင့် တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၃ ရက်၊ နေ့လယ် ၁ နာရီက မှော်ဘီမြို့၊ ရွှေည၀ါတောရ သာသနာပြု ကျောင်းတိုက်တွင်ကျင်းပခဲ့သည်။ အော့ချတ်(ဒ်) ကုမ္ပဏီလီမိ တက်ပိုင်ရှင် ဒေါက်တာမြင့်စိန်က မအူပင်မြို့နယ်၊ မလက်တိုကျေး ရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ မျိုး ထပ်မံဖြစ်ပွားကာ သွေးမြေ မကျစေချင်သောကြောင့်ရှင်းလင်း ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ စာ ချုပ်စာတမ်းအပြည့်အစုံရှိ၍လိုက် လံရှင်းလင်းနေရခြင်းဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်အောင် ခေါင်းဆောင် ခဲ့သူ ၄ ဦးရှိကြောင်း ၎င်းတို့၏ လယ်များကို ၎င်းတို့သဘောဆန္ဒ အရ မိမိထံလာရောက်ရောင်းချ သဖြင့်ဝယ်ယူထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မလက်တိုလယ်သမားများ နှင့် ကုမ္ပဏီပိုင်ရှင်တို့ရဲ့ အမုန်းတရားဇာတ်သိမ်းပွဲ
Reviewed by သစ်ထူးလွင်
on
05:36
Rating: