ဧရာဝတီမြစ်ကမ်းပြိုကျမှု ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါခြိမ်းခြောက်လာ

အင်းဝမြို့ဟောင်းတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရှေးဟောင်းဇုန်ကန့် သတ်တိုင်များ ပြိုကျသွားခဲ့ပြီဖြစ်ပြီး မြစ်ကမ်းပြိုမှုသည် မြောက်ဘက်မြို့ရိုးနှင့် မယ်နုအုတ်ကျောင်း အစရှိသည့် ရှေးဟောင်းသမိုင်းဝင်နေရာများနှင့်လည်း ပိုမိုနီးစပ်လာကြောင်း သတင်းရရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဌ၀တီမြစ်ဆုံရာ အင်းဝမြို့ဟောင်းအရှေ့ မြောက်ဘက်မှ တောင်တော်ဆိပ်အထိ အရှည်တစ်မိုင်ခွဲခန့်ရှိသော ကမ်းနားတွင် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေကြောင်း၊ ရှေးaဟာင်းဇုန်အဖြစ် စိုက်ထူထားသည့် တိုင်အချို့ ကမ်းပါးပြိုသည့်အထဲ ပါသွားပြီဖြစ်ပြီး မြောက်ဘက်မြို့ရိုးနှင့် ပေ ၅၀ ၀န်းကျင်ခန့်သာ ကွာတော့ကြောင်း အင်းဝဒေသခံအချို့က ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယခုနှစ်ပိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာသော ဧရာဝတီမြစ်နှင့် အင်းဝမြို့ဟောင်း တောင်တော်ဆိပ်ကမ်းတွင် မြစ်ကမ်းပါးပြိုရာလမ်းတစ်လျှောက်သွားနေသော ဒေသခံတစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်/ 7DAY DAILY

ဧရာဝတီမြစ်ကမ်းပြိုကျမှု ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါခြိမ်းခြောက်လာ ဧရာဝတီမြစ်ကမ်းပြိုကျမှု ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါခြိမ်းခြောက်လာ Reviewed by သစ်ထူးလွင် on 17:27 Rating: 5
Powered by Blogger.