ငြိမ်းအဖွဲ့ ဒု ဥက္ကဌ ဦးသိန်းဇော် UWSA ဒု ဥက္ကဌ ရှောက်မီလျံနဲ့ လာတွေ့


အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီရဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်း ၀ ဌာနချုပ် ပန်ဆန်းမှာ ရောက်နေပြီး ၀ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA နဲ့ အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။ ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ၄၀ ကျော်တို့ဟာ ပန်ဆန်းမြို့ကို မနေ့က အောက်တိုဘာလ ၄ ရက်နေ့မှာ ရဟတ်ယဉ်နဲ့ ရောက်ရှိတာဖြစ်ပြီး UWSA ဒု ဥက္ကဌ ရှောက်မီလျံ ဦးဆောင်တဲ့အဖွဲ့ဝင် ၄၀ ကျော်တို့နဲ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ထာဝရ ငြိမ်းချမ်းရေး ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရှမ်းပြည်မြောက်ပိုင်းက UWSA တပ်ဖွဲ့ဝင်များ

ငြိမ်းအဖွဲ့ ဒု ဥက္ကဌ ဦးသိန်းဇော် UWSA ဒု ဥက္ကဌ ရှောက်မီလျံနဲ့ လာတွေ့ ငြိမ်းအဖွဲ့ ဒု ဥက္ကဌ ဦးသိန်းဇော် UWSA ဒု ဥက္ကဌ ရှောက်မီလျံနဲ့ လာတွေ့ Reviewed by သစ်ထူးလွင် on 03:49 Rating: 5
Powered by Blogger.