ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့၊ Trader ဟိုတယ်တွင် (၁၄.၁၀.၂၀၁၃)နေ့ ည သန်းခေါင်ယံ အချိန်ခန့်က ဗုံးဖောက်ခွဲမှုတွင် အဓိက တရားခံ စောမြင့်လွင်၏ ထွက်ဆိုချက်အရ ဘီးလင်းမှ ရန်ကုန်မြို့သို့ ALAPHARD ငွေမှင်ရောင်5F/….ကားဖြင့် ပို့ဆောင်ပေးခဲ့သူ (၂)ဦးဖြစ်သူ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နှင့် ဖိုးလကြီးရပ်ကွက်နေသူ များ ဖြစ်ကြသော ၀င်းကိုကို(၄၂)နှစ်၊
(ဘ)ဦးစိန်အေးနှင့် မင်းဦး(၄၅)နှစ်၊(ဘ)ခင်မောင်အေးတို့အား ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ (၁၆.၁၀.၂၀၁၃)နေ့ နေ့လည်ပိုင်းက ဘီးလင်းမြို့မှ ရန်ကုန်မြို့သို့ ဖမ်းဆီး ခေါ်ယူ စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
by Thit Htoo lwin
Trader ဗုံးဖောက်ခွဲမှုတွင် ပါဝင်ဆက်စပ် တရားခံများအား ဆက်လက်ဖမ်းဆီး
Reviewed by သစ်ထူးလွင်
on
18:31
Rating:
