တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ မနေ့တုန်းက SUV ကားတစင်းနဲ့ ၀င်တိုက်မိရာက မီးလောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ Xinjiang ဒေသက သံသယရှိသူ ၂ ယောက်ကို ရဲတွေက လိုက်လံ စုံစမ်းနေပါတယ်။ လူ ၅ ဦးသေဆုံးပြီး ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စုံစမ်းနေသလို၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာပဲ ပြောဆိုခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ
Reviewed by သစ်ထူးလွင်
on
06:55
Rating: