အိန္ဒိယ အရှေ့ ပိုင်း “Phailin” မုန်တိုင်း ဝင်ပြီ

တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းကို စနေနေ့က ဝင်ရောက် တိုက်ခတ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်ကနေဝင်ရောက်လာတဲ့ Phailin မုန်တိုင်းဟာ သြရဿ ပြည်နယ်ကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက်ဘက်ရောက်တဲ့အထိ လေပြင်းတိုက်ခတ်နေမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်းကို ဆက်ပြီး ရွေ့လျားသွားတဲ့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အိန္ဒိယ အရှေ့ ပိုင်း “Phailin” မုန်တိုင်း ဝင်ပြီ အိန္ဒိယ အရှေ့ ပိုင်း “Phailin” မုန်တိုင်း ဝင်ပြီ Reviewed by သစ်ထူးလွင် on 07:37 Rating: 5
Powered by Blogger.