Jesus စာလုံးပေါင်းမှားလို့ အထိမ်းအမှတ် တံဆိပ်ပြားတွေ ပြန်သိမ်း


ပုပ်ရဟန်းမင်းကြီးဖရန့်စစ် အထိမ်းအမှတ်ထုတ်လုပ်တဲ့ တံဆိပ်ပြားထောင်ပေါင်းများစွာမှာ စာလုံးပေါင်းမှားယွင်းနေလို့ ဗာတီကန်နန်းတော်က ပြန်သိမ်းယူလိုက်ရပါတယ်။

ရွှေ၊ ငွေ၊ ကြေး သုံးမျိုး သွန်းလုပ်တဲ့ ဒီ တံဆိပ်ပြားလေးတွေကို အင်္ဂါနေ့မှာပဲ စတင်ရောင်းချခဲ့တာပါ။

J-E-S-U-S ဂျီးဇက်ဆိုတဲ့စာလုံးပေါင်းကို L-E-S-U-S လယ်ဆုလို့ မှားယွင်းစာလုံးပေါင်းထားတာ သိလိုက်ပြီးနောက် တံဆိပ်ပြား ၆,၀၀၀ ကို ဗာတီကန်က ပြန်သိမ်းယူလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြန်မသိမ်းယူခင်မှာ တံဆိပ်ပြား ၄ ပြား ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။

အခုအခါမှာတော့ အဲဒီ စာလုံးပေါင်းမှားပြီး ရောင်းချလိုက်တဲ့ တံဆိပ်ပြား ၄ ပြားဟာ ဈေးအရမ်းကောင်းကောင်း ရနိုင်လိမ့်မယ်လို့ အခုလို ရှားပါးပစ္စည်း စုဆောင်းသူတွေက ပြောနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Jesus စာလုံးပေါင်းမှားလို့ အထိမ်းအမှတ် တံဆိပ်ပြားတွေ ပြန်သိမ်း Jesus စာလုံးပေါင်းမှားလို့ အထိမ်းအမှတ် တံဆိပ်ပြားတွေ ပြန်သိမ်း Reviewed by သစ်ထူးလွင် on 07:39 Rating: 5
Powered by Blogger.