၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမင်းကိုနိုင်ဟာ ချက်နိုင်ငံရဲ့ လူအခွင့်အရေး ဆိုင်ရာ ဆုကို ချက်နိုင်ငံမှာ အောက်တိုဘာ ၃ ရက်နေ့က လက်ခံရ ယူခဲ့ပါတယ်။
ဒီ Homo Homini Award ဆုကို ၁၉၉၄ ခုနှစ်က စတင်ပြီး ကမ္ဘာတ၀န်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်သူတွေကို နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
လယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဒေါ်စုစုနွေး၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ကူညီစောင့်ပေးနေတဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်နီလာသိန်းတို့ကိုလည်း Homo Homini Award ဆုကို ၂၀၀၇ ခုနှစ်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
by webteam (ဒီဗွီဘီ)

ဦးမင်းကိုနိုင် Homo Homini Award ဆု ရရှိ
Reviewed by သစ်ထူးလွင်
on
15:08
Rating: