Feel စားသောက်ဆိုင်၏ အဆင့်အတန်းခွဲခြားမှု ဒုဝန်ကြီးကိုပင် စားသောက်ခန်းထဲ ပေးမ၀င်


ကျွန်တော်သည် နေပြည်တော်တွင် နေသူဖြစ်၍ ကားဖြင့် နေပြည်တော်မှ ရန်ကုန်၊ ရန်ကုန်မှ နေပြည်တော် သို့ အသွားအပြန် တိုင်းတွင် ဖြူးစခန်း ကားရပ် ရာတွင် (Feel) စားသောက်ဆိုင် တွင်သာ စားသောက်လေ့ ရှိပါသည်။ ခရီးသည် အများစုသည်လည်း ၎င်းဆိုင်တွင်ပင် ၀င်ရောက် စားသောက် ကြသည်။ အစားအသောက် ကောင်းလွန်း၍ မဟုတ်ပါ၊ သန့်စင်ခန်း အသုံးပြုရသည်မှာ အဆင်ပြေ ၍ ဖြစ်ပါသည်။ ပင်မဆိုင် အဆောက်အအုံ အတွင်း၌ တစ်ခါက ၀င်စားရာတွင် ထိုင်စရာနေရာ မရှိသဖြင့် လွတ်နေသည့် သီးခြား အခန်းကို ၀င်မည်ပြုရာ -““ဒါက ဗိုလ်မှူးကြီးနဲ့ အထက်သာ ၀င်ခွင့်ရှိတယ်””ဟု ဆိုင်ဝန်ထမ်းက ပြောသဖြင့် ကျွန်တော် ၀င်မထိုင်တော့ပါ။ နောက်လည်း ထိုအခန်းတွင် လူရှိရှိ၊ မရှိရှိ မ၀င်ခဲ့ပါ။ ကိုယ့် အဆင့်အတန်းကို ကိုယ်သိပါသည်။ (၂၀-၁၀-၂၀၁၃) ရက် တနင်္ဂနွေနေ့တွင် နေပြည်တော်မှ ရန်ကုန်သို့ သွားရာ နေ့လည် ၁၂း၀၀ အချိန်၊ ပူလှသဖြင့်  (Feel) ဆိုင်ဘေး သန့်စင်ခန်း၊ သွားရာလမ်းရှိ အအေးခန်းသို့ (ခါတိုင်းလည်း ထိုအခန်း၌ပင် ၀င်စားလေ့ ရှိပါသည်။) ၀င်မည်ပြုရာ ထိုအခန်းဝတွင် အင်္ဂလိပ်လို Reserved (သီးသန့်ထားသော နေရာ) ဟူသော စာချိတ်ဆွဲ ထားပါသည်။ ၀န်ထမ်း အမျိုးသားလေးက ၀င်၍မရဟု ပြောပါသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Feel စားသောက်ဆိုင်၏ အဆင့်အတန်းခွဲခြားမှု ဒုဝန်ကြီးကိုပင် စားသောက်ခန်းထဲ ပေးမ၀င် Feel စားသောက်ဆိုင်၏ အဆင့်အတန်းခွဲခြားမှု ဒုဝန်ကြီးကိုပင် စားသောက်ခန်းထဲ ပေးမ၀င် Reviewed by သစ်ထူးလွင် on 16:54 Rating: 5
Powered by Blogger.