မန္တလေးတွင် လိင်တူချစ်သူများမှ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံးအသင်းဖွဲ့စည်း၊ ပြည်သူ့ရဲ၊ တပ်မတော်သားများနှင့် ဘောလုံးချိန်းပွဲများ တနင်္ဂနွေနေ့တိုင်းပြုလုပ်လျှက်ရှိ


မန္တလေးရှိ အမျိုးသားလိင်တူချစ်သူ(မိန်းမလျာ)အချို့စုပေါင်းကာ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံး အသင်း တစ်သင်းဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ ထိုအသင်းသည် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မန္တလေးတောင်ခြေ၊ စန္ဒာမုနိဘုရား နှင့် ကုသိုလ်တော်ဘုရားကြားရှိ ကစားကွင်းတွင် ဘောလုံးကစားလျှက်ရှိရာ ကြည့်ရှုအားပေးသူများဖြင့် စည်ကားနေကြောင်း သိရ၏။ စက်တင်ဘာလ(၂၂)ရက်နေ့တွင် အသင်းဖွဲ့စည်းခဲ့ပြီး ထိုနေ့မှာပင် ကစားခဲ့ရာ ကစားကွင်း အနီးရှိ ရဲကင်းမှ ရဲတပ်သားများ၊ ခမရ(၉၅)တပ်မှ သင်တန်းတက်ရောက်နေသော သင်တန်းသားတပ်မတော်သားများပါ စိတ်ဝင်စားကာ ၀င်ရောက်ယှဉ်ပြိုင်ကစား ခဲ့ကြောင်းသိရသည်။ စက်တင်ဘာ(၂၉)ရက်တွင်လည်း အုတ်စက်ရပ်ကွက် အတွင်းရှိ လူငယ်လေးများနှင့် အပြန်အလှန်ကစားခဲ့ ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မန္တလေးတွင် လိင်တူချစ်သူများမှ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံးအသင်းဖွဲ့စည်း၊ ပြည်သူ့ရဲ၊ တပ်မတော်သားများနှင့် ဘောလုံးချိန်းပွဲများ တနင်္ဂနွေနေ့တိုင်းပြုလုပ်လျှက်ရှိ မန္တလေးတွင် လိင်တူချစ်သူများမှ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံးအသင်းဖွဲ့စည်း၊  ပြည်သူ့ရဲ၊ တပ်မတော်သားများနှင့် ဘောလုံးချိန်းပွဲများ တနင်္ဂနွေနေ့တိုင်းပြုလုပ်လျှက်ရှိ Reviewed by သစ်ထူးလွင် on 20:13 Rating: 5
Powered by Blogger.