ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့တွေမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆည်ရေ လွှတ်မှုကြောင့် ကျေးရွာတွေအပြင် မြို့တွင်းရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း တောင်ငူ၊ ဆွာနဲ့ ရေတာရှည်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မနေ့ညကစပြီး ဆွာချောင်းရေး ရုတ်တရက်ကြီးလာပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆွာမြို့နယ် ဆွာမကြီး၊ ဆွာတောင်ခန်းနဲ့ ရေနှီးသရက်တော အစရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ ဆွာမြို့ပေါ်ကို တက်လာပြီး ရေဘေးခိုလှုံကြတယ်လို့ ဆွာမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မိုးရွာသွန်းမှုကြောင့် ပဲခူးနှင့် မကွေးတိုင်းတွေမှာ ရေကြီးရေလျှံမှုဖြစ်
Reviewed by သစ်ထူးလွင်
on
18:01
Rating: