စက်စဲနှင့် ကျိုက္ခမီကမ်းခြေရှိ ကျောက်နှင့် သဲထုတ် လုပ်ငန်းများ ပြည်နယ် အစိုးရ ပိတ်ပင်


မွန်ပြည်နယ်ရှိ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်သည့် စက်စဲကမ်းခြေ၊ ကရင်တောင် ကမ်းခြေနှင့် ကျိုက္ခမီကမ်းခြေတို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်စရစ်နှင့် သဲစုပ်ယူခြင်း လုပ်ငန်းများကို မွန်ပြည်နယ် အစိုးရက ပိတ်ပင်လိုက်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။ ယင်းကမ်းခြေများတွင် ကျောက်စရစ်နှင့် သဲအမြောက်အမြား ထုတ်ယူခြင်းကြောင့် ကမ်းပါးပြိုကြခြင်းများ ဖြစ်ပွားမှု မြင့်တက်လာပြီး အပန်းဖြေကမ်းခြေများ အတွင်းတွင် မြေနုကျွန်းများ ဆက်တိုက် ထွန်းကားလာသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာသောကြောင့် ယင်းလုပ်ငန်း များကို ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စက်စဲနှင့် ကျိုက္ခမီကမ်းခြေရှိ ကျောက်နှင့် သဲထုတ် လုပ်ငန်းများ ပြည်နယ် အစိုးရ ပိတ်ပင် စက်စဲနှင့် ကျိုက္ခမီကမ်းခြေရှိ ကျောက်နှင့် သဲထုတ် လုပ်ငန်းများ ပြည်နယ် အစိုးရ ပိတ်ပင် Reviewed by သစ်ထူးလွင် on 16:28 Rating: 5
Powered by Blogger.