မြန်မာ့ကျောက်စိမ်းအရောင်းအ၀ယ်လုပ်ငန်းအားလုံး၏ ထက်ဝက်နီး ပါးခန့်မှာ အခွန်အခနည်းနည်း၊ သို့မဟုတ် အခွန်စည်းကြပ်မှုလုံးဝမရှိဘဲ နယ်စပ် ဖြတ်၍ တရုတ်နိုင်ငံတွင်းသို့ တရားမ၀င်တင်ပို့ ရောင်းချနေခြင်းဖြစ်ရာ နိုင်ငံပြန် လည်တည်ဆောက်ရေးအတွက် အသုံးပြုနိုင်မည့် အခွန်ဘဏ္ဍာငွေအမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ နစ်နာခဲ့ရကြောင်း စက်တင်ဘာ ၂၉ ရက် သတင်း များတွင် ဖော်ပြသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှ တူးဖော်ရရှိသော ကျောက်စိမ်းများကို တရားမ၀င်နည်းလမ်းများဖြင့် ကုန်သွယ် ရောင်းချခြင်းကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာ ဆုံးရှုံးနစ်နာခဲ့ရ သည့်အဖြစ်ကို တရားဝင်စာရင်းဇယား များအရ အတည်ပြုနိုင်ကြောင်း ရိုက်တာသတင်းဌာန၏ အဆို အရသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရားမ၀င် ကျောက်စိမ်းကုန်သွယ်မှုကြောင့် အခွန်ငွေဒေါ်လာဘီလီယံများစွာ အစရှာမရ
Reviewed by သစ်ထူးလွင်
on
14:32
Rating: