ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိပေးချက်ထုတ်ပြန်


ရန်ကုန်-အောက်တိုဘာ၁၂

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်ပ ဆက်ကြောင်းများ ချိတ်ဆက်သုံးစွဲထားသော SMW-3 ရေအောက် ကေဘယ်ကုန်းတွင်းပိုင်း ဆက်ကြောင်းသည် (10.10.2013) ရက်နေ့ ညနေ (5:15) နာရီ တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ပနှင့် ချိတ်ဆက်ထားသော ဆက်ကြောင်း အချို့ ပြတ်တောက်မှု ဖြစ်ပေါ်လျှက် ရှိပါသည်။

အဆိုပါ ချို့ယွင်းမှုကြောင့် အင်တာနက်သုံးစွဲမှု မြန်နှုန်း အနည်းငယ် နှေးကွေးသွားနိုင်မည် ဖြစ်သော် လည်း ကုန်းတွင်းနယ်စပ် ဖြတ်ကျော် ဆက်ကြောင်းများမှ ပြောင်းလဲ ချိတ်ဆက်ပေးထားမည်ဖြစ်သဖြင့် ပြည်ပနှင့် ဆက်သွယ်မှုများ ပုံမှန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

ချို့ယွင်းမှုကိုပြုပြင်ရန် (၇) ရက် ခန့်ကြာမြင့်နိုင်မည် ဖြစ်ပြီး အမြန်ဆုံး ပြန်လည် ကောင်းမွန်ရေး အတွက် ပြုပြင်လျှက်ရှိ ပါကြောင်း အသိပေး အပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိပေးချက်ထုတ်ပြန် ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိပေးချက်ထုတ်ပြန် Reviewed by သစ်ထူးလွင် on 18:17 Rating: 5
Powered by Blogger.