မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု - ကင်တာနား

ရခိုင်ပြည်နယ်အတွင်း ဖြစ်တဲ့ အခြေ အနေတွေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး အယူ အဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်း စဉ်အတွက် အကြီးမား ဆုံး ခြိမ်းခြောက်မှု တရပ်ဖြစ်စေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်လာ တယ်ဆိုပေမယ့် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေသေးတဲ့ အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်း မရှိဘူးလို့ ပြန်လည် ထောက်ပြခဲ့ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနား ကုလသမဂ္ဂ တတိယ ညီလာခံ တွင် မြန်မာ့အရေးဆွေးနွေးစဉ်။ (အောက်တိုဘာလ ၂၄၊ ၂၀၁၃)။


မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု - ကင်တာနား မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု - ကင်တာနား Reviewed by သစ်ထူးလွင် on 07:44 Rating: 5
Powered by Blogger.