နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး

ကရင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများက လောင်းကစား ဂိမ်းစက်များယူလာကာ စီးပွားရှာနေသည့် ကိစ္စနှင့်ပတ်သက်၍ အထူးအမိန့် ထုတ်သင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့တွင် ဆွေးနွေးပြီးနောက် မြ၀တီနှင့် ကော့ကရိတ်မြို့များ၌ ဂိမ်းဆိုင်များအား ဖမ်းဆီးမှု အရှိန်မြှင့် တင်လိုက်ကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန် ၁၇ ရက်တွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ အစည်းအဝေးတွင် ဦးအောင်မြင့်သိန်းက လောင်းကစားနှိမ်နင်းရေး ပြည်နယ်အထူးအမိန့် ပြဋ္ဌာန်းပေးရန် ဆွေးနွေးပြီးနောက် အောက်တိုဘာလအတွင်း ကော့ကရိတ်နှင့် မြ၀တီမြို့ကြီးများတွင် လောင်းကစားဖမ်းဆီးမှုများ အရှိန်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငမန်းဂိမ်းကစားနေသူတစ်ဦး ဓာတ်ပုံ-ကျော်ဇင်သန်း - 7Day Daily

နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး Reviewed by သစ်ထူးလွင် on 13:18 Rating: 5
Powered by Blogger.