အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း


ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ ဦးစီး အရာရှိသည် ကိုယ်ကျိုး စီးပွား ရှာဖွေမှု၌ ပြစ်ဒဏ်ကျ အကျဉ်းသားများ၏ လုပ်အားများကို  အဓမ္မစေခိုင်းအမြတ်ထုတ်မှု များရှိနေ ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် ဂယ်လောင်း အကျဉ်းစခန်း၌ အကျဉ်းသား ၁၈၃ ယောက်ရှိပြီး ကြံ ၊ ပြောင်း စိုက်ဧက ၁၅၀ခန့်အား လုပ်ကိုင်ရန် ပြစ်ဒဏ်ချထားခြင်း ဖြစ်သော်လည်း ဦးစီးအရာရှိ သည် နယ်မြေလုပ်ငန်းရှင်များ ၏ လုပ်ကွက်များ၌ အငှားချ စေခိုင်း၍ လုပ်အား အမြတ်ထုတ်မှုများ ရှိနေကြောင်း၊ မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွား အတွက် သစ်များကို ဥပဒေမဲ့ခုတ်ဖြတ်၍ ထင်းအဖြစ် ရောင်းချခြင်း၊ မီးသွေးဖုတ်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းနေ ကြောင်း၊ ပြစ်ဒဏ်ကျ အကျဉ်းသားများ အနေဖြင့် အဓမ္မစေခိုင်း၍ လုပ်အား အမြတ်ထုတ်ယူခြင်း ခံနေရသော်လည်း အကျိုးခံစားခွင့် လုံးဝမရှိသည့်အပြင် လုပ်ငန်း မအောင်မြင်ပါက ထပ်တိုး ပြစ်ဒဏ်များပါ ခံစားကြရကြောင်း ၊ ပြန်လည် အောင်မြင်မှူ ရရှိမှသာ ပြစ်ဒဏ် ပြန်ဖြုတ်ပေးကြောင်း သိရှိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ မြင်ကွင်း ဓါတ်ပုံများ












အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း Reviewed by သစ်ထူးလွင် on 09:24 Rating: 5
Powered by Blogger.