အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်းတခု ဆုတ်ခဲ့ရ


နယ်မြေခံ အစိုးရ တပ်မှူး များ၏ ဖိအားကြောင့် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ (NMSP) တပ်စခန်း တစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့က ဆုတ်ခွာ ပေးခဲ့ ရကြောင်း အစိုးရ အရာရှိ များနှင့် သွားရောက် ညှိနှိုင်း ဆွေးနွေး ခဲ့ရသည့် NMSP ၏ မော်လမြိုင်မြို့ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ နိုင်အမ်စိုက်ချမ်းက ဆိုပါသည်။ “ ဒီဝဲကလိမှာ ရှိတဲ့ တိုင်းဗဟို (၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေး ကျောင်းက ဗိုလ်မှူးကြီး အောင်မင်းရယ်၊ အမှတ် (၃၁၅) တပ် က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်စိန်ရယ် သူတို့က ကျနော်တို့ သံဖြူဇရပ် ဆက်ဆံရေးရုံး အဖွဲ့ တွေကို သံဖြူဇရပ် စရဖ ရုံးမှာ ခေါ်တွေ့ ပြီးတော့ ရဲတံခွန် စခန်းကို အမြန် ပြောင်းပေးဖို့ အရှေ့တောင်တိုင်း အမိန့် ဆိုပြီး ပြောလိုက်တယ်”ဟု ဆိုပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်းတခု ဆုတ်ခဲ့ရ အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်းတခု ဆုတ်ခဲ့ရ Reviewed by သစ်ထူးလွင် on 08:59 Rating: 5
Powered by Blogger.