စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး မြစ်သာမြစ်နှင့် နေရဉ္ဇရာ... မြစ်ရေလျှံ တက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုများကြောင့် မူလပျောက်ဆုံးသူ သုံးဦးခန့်မှာ လက်ရှိတွင် ခုနစ်ဦးခန့်အထိ မြင့်တက်လာခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက The Voice သို့ အတည်ပြု ပြောကြားသည်၊ “အခုထိ အလောင်း ပြန်ရှာမတွေ့သေးပါဘူး။ အလောင်း မတွေ့တဲ့အတွက် သေဆုံးစာရင်းထဲ ထည့်လို့မရဘူး။ ပျောက်ဆုံးတယ်လို့ပဲ သတ်မှတ်ရမယ်” ဟု ၎င်းကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကလေးမြို့၌ ရေဘေးကြောင့် ပျောက်ဆုံးသူ ခုနစ်ဦးထိ မြင့်တက်
Reviewed by သစ်ထူးလွင်
on
00:02
Rating: