အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူကထိန်းမလဲ ကျုပ်တို့လား သူများလား

ပခုက္ကူခရိုင် မြိုင်မြို့နယ်သည် မြန် မာ့သမိုင်းအမွေအနှစ်များ ပေါကြွယ်ဝရုံ မျှမက စာဆိုပညာရှင်အများ  ပေါ်ထွက်ရာ ဒေသတစ်ခုလည်းဖြစ်သည်။ ကမ္ဘာ ပေါ်တွင် လွန် ခဲ့သောအနှစ်သန်း ၄ဝက လူသား မျိုးနွယ်၏ အစောဆုံး ပရိုင်း မိတ်ကျောက်ဖြစ်ရုပ်ကြွင်းကို ထိုမြို့နယ်၌ တွေ့ရှိရ သည်။ ခေတ်အဆက် ဆက် ဆောက်လုပ်ခဲ့ သမျှသော အသားကျောင်း များတွင်လည်း နှစ်အရှည်ကြာဆုံးကျောင်း ကို ထိုမြို့နယ် ဗိမာန်မရွာတွင် တွေ့ရှိရ သည်။ ကျောင်းကြီး၏ ထုပ်တန်းပေါ်မှ စာကြောင်း ၁၃ ကြောင်းပါ ကမ္ပည်းစာ အရ ”မနောရမ္မာ ရွှေကျောင်း” ကြီးကို  မြန်မာနှစ် ၁၁ဝဝ ပြည့် (ခရစ်နှစ် ၁၇၃၈)က ဆောက် လုပ်ခဲ့သည်။ ယခု အခါ သက်တမ်း ၂၇၅ နှစ် ရှိပေပြီ။ သမိုင်းယဉ်ကျေးမှုအမွေမို့ ချစ်ကြရ မည်ဆိုလျှင် ထိုကျောင်းကို မြန်မာတို့ သံကွန်ချာ ခုနစ်ထပ် အုပ်ကာ ကုမ္ဘဏ် တစ်ထောင်အစောင့်အကြပ်ဖြင့် ထိန်း သိမ်းစောင့်ရှောက် ထားသင့်ပေသည်။  အမျိုးသား သမိုင်းယဉ်ကျေးမှု အမွေအ နှစ်များဖြစ် သဖြင့်ကျောင်းတွင်း ရှိ ကျောင်း နှင့် အတူလှူထားခဲ့သော အသုံးအဆောင် များကို စနစ်တကျထားရှိကာ ပြည်တွင်း ပြည်ပ ပညာရှင်များကို လာရောက်လေ့ လာနိုင်အောင် ဒေသယဉ်ကျေးမှု ပြ တိုက် အဖြစ် ပြုလုပ်ဖွင့်လှစ်ထားသင့် သည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူကထိန်းမလဲ ကျုပ်တို့လား သူများလား အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူကထိန်းမလဲ ကျုပ်တို့လား သူများလား Reviewed by သစ်ထူးလွင် on 19:28 Rating: 5
Powered by Blogger.