အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်းတွင် အောက်တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများ လုယက်ကာ ထွက်ပြေး ခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ လုယက်ခံရသူ အငှားယာဉ်မောင်းသည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ်ရှိ ဦးအောင်ဇော်ဦး ဖြစ်ပြီး ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် ဘက်သို့ မောင်းနှင်လာစဉ် ဘီအိုစီ မှတ်တိုင်အနီး၌ လူငယ်လေးဦးက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းသို့ ငှားရမ်းခဲ့ပြီး နတ်မောက်လမ်းသွယ် (၁) လမ်းသို့ ပို့ဆောင်ခိုင်းရာမှ ယင်းလမ်းအရောက်တွင် ကားနောက်ခန်းတွင် ထိုင်နေသူ လူငယ်သုံးဦးက ယာဉ်မောင်း ဖြစ်သူ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ စကေဘာဖြင့် လည်ပင်းကို ထောက်ပြီး၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Yangon Police


အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ Reviewed by သစ်ထူးလွင် on 20:06 Rating: 5
Powered by Blogger.