လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်သော တပ်မတော်(လေ)မှ ဗိုလ်မှူး ဟိန်းထက်အောင် မောင်းနှင်သည့် ဟိုင်းလတ် ဆပ်(ဖ်)ကားသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ပဲခူးအပိုင်) မိုင်တိုင် ၅၀ အနီး တိမ်းမှောက်ခဲ့ရာ အရှိန်ပြင်းထန်၍ ကား မှန်တံခါးများ ပွင့်ထွက်ပြီး ယာဉ်ပေါ်အတူ လိုက်ပါလာသော ဖခင်ဖြစ်သူ ဦးသန်းအေး အသက်(၆၃)နှစ်၊ မိခင် ဒေါ်မေစီလှ အသက် (၅၈) နှစ်နှင့် ဇနီးသည် မကေသီခိုင် အသက် (၂၄) နှစ်တို့ ၎င်းနေ့တွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ပဲခူး၊ ဘောနက်ကြီး၊ အမြန်လမ်း ရဲစခန်းက (ပ) ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အရေးယူထားကြောင်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး။ ဓါတ်ပုံ - ရဲဇာနည်


လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး Reviewed by သစ်ထူးလွင် on 14:16 Rating: 5
Powered by Blogger.