လယ်မြေကို အခြားမြေအဖြစ် ဥပဒေ ချိုးဖောက်ပြီး သုံးခွင့်ပေးသူများကို အရေးယူမည်


လယ်ယာမြေတွေကို အခြားနည်းအသုံးပြုဖို့ ဥပဒေချိုးဖောက်ပြီး ခွင့်ပြုနေသူ၊ အရောင်းအ၀ယ် လုပ်နေသူနဲ့ အသုံးပြုနေသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။ ဒီနေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပဲခူးတိုင်း မဲဆန္ဒနယ် ၇ က ရွေးကောက်ခံ အမျိုးသားလွှတ်တော်အမတ် ဦးမင်းဦးက အိမ်ခြံမြေ ပွဲစားတွေနဲ့ ၀န်ထမ်းတချို့ ပူးပေါင်းပြီး လယ်ယာမြေတွေကို အိမ်ခြံမြေဈေးလောက်လည်း မဟုတ်၊ လယ်ဈေးလည်း မကတဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူရောင်းဝယ်နေကြလို့ လယ်မြေတွေ လျော့နည်း ကျဆင်းလာနိုင်လို့ ဒါကို ဘယ်လိုဖြေရှင်းနေသလဲဆိုပြီး ပဲခူးတိုင်း အုတ်တွင်း၊ ရန်ကုန် – မန္တလေး ကားလမ်းနံဘေးက လယ်ယာမြေတွေကို ဥပမာပေးပြီး မေးခဲ့တာကို ခုလို ဖြေခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လယ်မြေကို အခြားမြေအဖြစ် ဥပဒေ ချိုးဖောက်ပြီး သုံးခွင့်ပေးသူများကို အရေးယူမည် လယ်မြေကို အခြားမြေအဖြစ် ဥပဒေ ချိုးဖောက်ပြီး သုံးခွင့်ပေးသူများကို အရေးယူမည် Reviewed by သစ်ထူးလွင် on 15:51 Rating: 5
Powered by Blogger.