ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူ အိမ်စီးကားဝင်တိုက်၍ သေဆုံး


လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ သံလမ်းမှတ်တိုင်အနီးတွင် အာရာဖတ်အမျိုးအစား အိမ်စီးယာဉ်က ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသော လူတစ်ဦးကို ၀င်တိုက်မိ၍ သေဆုံးသွားကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ ဒုရဲမှူးက အတည်ပြုပြောကြားသည်။ အောက်တိုဘာ ၉ ရက် ည ၁၀ နာရီဝန်းကျင်က အင်းစိန်လမ်းမပေါ် သံလမ်းမှတ်တိုင်အနီးရှိ ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသော အသက်(၅၆) နှစ်အရွယ်   အမျိုးသားတစ်ဦးကို လှည်းတန်းဘက်မှ မောင်းနှင်လာသည့် အာရာဖတ်အမည်းရောင်ယာဉ်က  အရှိန်လွန်ပြီး  ၀င်တိုက်ကာ  လမ်းလယ်ရှိ  ဓာတ်တိုင်ကို ဆက်လက်ဝင်တိုက်မိကြောင်း  အထက်ပါဒုရဲမှူးကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယာဉ်တိုက်မှုကြောင့်ပျက်စီးသွားသည့်ကားအား ကရိန်းဖြင့်ဆွဲယူရန် ပြင်ဆင်နေစဉ် ဓာတ်ပုံ-မိုးညို

ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူ အိမ်စီးကားဝင်တိုက်၍ သေဆုံး ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူ အိမ်စီးကားဝင်တိုက်၍ သေဆုံး Reviewed by သစ်ထူးလွင် on 16:05 Rating: 5
Powered by Blogger.