ညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍နှစ်ဦးသေဆုံး


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာတွင် (၄-၁၀-၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့်ကညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍လူ(၂)ဦးသေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူ ၀င်းစိုး၊(၄၈)နှစ်၏ နေအိမ်တွင် ညီအကိုများ ဖြစ်ကြသော ဖိုးသင်္ကြန်(၂၁)နှစ်၊တင့်နိုင်ဦး(၄၃)နှစ်၊ အောင်နိုင်(၂၄)နှစ် တို့သည် အရက်အတူသောက်ကြပြီး အမြည်းအဖြစ် ဘဲဥကြော်၊ဖန်းခါးသီး၊ ရွက်ယိုသီး၊ ငရုပ်သီးတောင်းတို့အား အမြည်းအဖြစ်စားသောက်ကြရာ (၁၅)မိနစ်ခန့်အကြာတွင် ၀င်းစိုးနှင့် ဖိုးသင်္ကြန်တို့(၂)ဦးမှာ ပါးစပ်မှ အမြုပ်ထွက်၍ သတိလစ်သွားသဖြင့် ဘီးလင်းဆေးရုံသို့ တင်ပို့ရန် သယ်ဆောင်လာစဉ် လမ်း၌၄င်းတို့နှစ်ဦးသေဆုံး သွားခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘီးလင်းရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် - ၅/၂၀၁၃ အရ အမှုဖွင့်လှစ်ထားကြောင်းသတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now


ညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍နှစ်ဦးသေဆုံး ညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍နှစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 06:46 Rating: 5
Powered by Blogger.