ပြည်ကြီးတံခွန်မြို့နယ် အိမ်ခြေ ၁၈လုံး မီးလောင်


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်စိုက်ကွင်းအရှေ့ပိုင်း ၁၁လမ်း အကွက်အမှတ် ၄၁၀ ရပ်ကွက်တွင် အောက်တိုဘာလ ၁၆ရက် နေ့လည် ၃နာရီ ၁၅မိနစ်က မီးလောင်ကျွမ်းခဲ့သည့် နေရာအား မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)

၄၁၀ ရပ်ကွက် နေအိမ်တစ်လုံးတွင် ကလေးငယ်က ဗျောက်ဖောက်ကစားရာမှ စတင်ကာ အိမ်ခြေ ၁၈လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၅စု၊ လူဦးရေ ၈၈ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသောကြောင့် ထိုရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားရသည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

Mizzima - News in Burmese
ပြည်ကြီးတံခွန်မြို့နယ် အိမ်ခြေ ၁၈လုံး မီးလောင် ပြည်ကြီးတံခွန်မြို့နယ် အိမ်ခြေ ၁၈လုံး မီးလောင် Reviewed by သစ်ထူးလွင် on 13:06 Rating: 5
Powered by Blogger.