စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန် ပြင်ဆင် တိုးချဲ့လျှင် အရေးယူမည်


မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရရှိထားသော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန်များကို ပြောင်းလဲ ပြင်ဆင်ထားပါက အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရယူ၍ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအနက် အချို့အရောင်းဆိုင်များသည် စတင်ခွင့်ပြု ထုတ်ပေးထားသည့် လိုင်စင်ပါ စက်သုံးဆီ သိုလှောင်ကန်၏ ဝင်ဆံ့ဂါလန်၊ ကန်အရေ အတွက်တို့ကို ပြောင်းလဲပြင်ဆင် တိုးချဲ့ဆောက်လုပ်လျက် ရှိကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန် ပြင်ဆင် တိုးချဲ့လျှင် အရေးယူမည် စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန် ပြင်ဆင် တိုးချဲ့လျှင် အရေးယူမည် Reviewed by သစ်ထူးလွင် on 04:26 Rating: 5
Powered by Blogger.