ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည်


ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့တော်တွင် ရက် အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက The Voice သို့ ပြောကြားသည်။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ ကားမှတ်တိုင်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်တိုင်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်၍ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော မြို့နယ်၊ လူစည်ကားရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည် ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည် Reviewed by သစ်ထူးလွင် on 18:19 Rating: 5
Powered by Blogger.