ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံးပိ၍ သုံးဦးသေ


မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အမှတ်(၁)ထုံးဘို အကျဉ်းဦးစီးဌာနရှိ ကျောက်ထုတ်လုပ်ရေး စခန်းတွင် အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ သုံးရက်အတွင်း ကျောက်တုံးများပိ၍ လူသုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ထုံးဘို (၁) အကျဉ်းဦးစီးဌာနတွင် အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီက အကျဉ်းသား များဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် ပုသိမ်ကြီး မြို့နယ် သလဲကုန်း ကျေးရွာနေသူ ဦးနိုင်လင်း ၃၅ နှစ် သည် ထော်လာဂျီပေါ်သို့ ကျောက်ပျက်များ တင်ဆောင်ရန် ထော်လာဂျီ၏ နောက်ပိတ်တံခါးဖွင့်စဉ် အမြင့်ပေ ၁၀၀ ခန့် ကျောက်တောင်မှ ၄ x ၃ ပေခန့် ကျောက်တုံးသုံးတုံး အလိုအလျောက် ပြုတ်ကျလာပြီး ကျောက်တုံးပိကာ သေဆုံးသွားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံးပိ၍ သုံးဦးသေ ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံးပိ၍ သုံးဦးသေ Reviewed by သစ်ထူးလွင် on 06:14 Rating: 5
Powered by Blogger.