ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု

ပြီးခဲ့တဲ့ အောက်တိုဘာလ (၅)ရက်နေ့ က စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းကာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု ဖြစ်ပွားရာ နေအိမ် (၂)လုံး ပြိုကျကာ  အိမ်ခြေပေါင်း(၁၄)လုံး ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရပြီး ပြိုကျနေသော အိမ်ထဲတွင် ခါးကျိုးနေသော အဖွားကြီးတစ်ဦးအား ဘုန်းကြီးတစ်ပါးမှ ကယ်တင်လိုက်ရပါသည်။ မီးနေသည် အမျိုးသမီးတစ်ဦးသည်လည်း မိမိ၏ ပြိုကျနေသော အိမ်ကိုကြည့်ပြီး
သွေးလန့်သွားကြောင်း သိရှိရပါသည်။ လောင်းကောင်းကျေးရွာသူရွာသားများ ကမ်းပါးမြေပြိုမှုဖြစ်ပွားသဖြင့် အခက်အခဲကြုံတွေ့နေရပါသည်။

by Myanmar News Now







ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု Reviewed by သစ်ထူးလွင် on 15:43 Rating: 5
Powered by Blogger.